ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်တတ်တဲ့ အသားအရေရှိသူတွေ ဘယ်လို skin care မျိုးရွေးချယ်သင့်သလဲ ။ ။
ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်တတ်တဲ့ အသားအရေရှိသူတွေ ဘယ်လို skin care မျိုးရွေးချယ်သင့်သလဲ ။ ။ ဝက်ခြံဆိုတာကြီးကြီးသေးသေး စိတ်ညစ်စရာကောင်းပြီး ပင်ကိုယ်အလှတွေကို ပျောက်ကွယ်သွားစေနိုင်တဲ့ ပြဿနာတစ်ခုပါ။ ဝက်ခြံပေါက်တတ်တဲ့ပြဿနာက သူတစ်ခုတည်းတင်မကဘူး။ အများအားဖြင့် ဝက်ခြံရှိတဲ့သူတွေမှာ ချွေးပေါက်ကျယ်တဲ့ပြဿနာလည်း တစ်ခါတည်းပါနေတတ်တယ်။ ချွေးပေါက်ကျယ်တာနဲ့ ဝက်ခြံပေါင်းလိုက်ရင် နဂိုလှပတဲ့မျက်နှာလေးတောင် ကြည့်ရဆိုးသွားတတ်တယ်။ ဒီတော့ ဒီလိုပြဿနာတွေကို ဘယ်လိုရှင်းကြမလဲ။ ဘယ်လောက်ပဲ မိတ်ကပ် တွေမှုန်နေအောင် လိမ်းထားပါစေ ချွေးပေါက်ကျယ်ပြီးအဆီတွေပြန်နေတယ်၊ ဝက်ခြံပေါက်နေတယ် ဆိုရင် သိပ်ပြီးကြည့်မကောင်းပါဘူး။ ဒီတော့ မိတ်ကပ်ဒီပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာကတော့ အသေအချာပါ။ ဒါ့ကြောင့် အသားအရေကို ထိန်းသိမ်းပေးတဲ့ skin care products တွေ ပေါ်ထွက်လာရတာဖြစ်ပါတယ်။ အိမ်တစ်အိမ်အတွက် အရေးအကြီးဆုံးက အုတ်မြစ်ပါ။ အုတ်မြစ်သေချာခိုင်မှ အပေါ်ဆက်တက်လို့ရသလိုပဲ လှပပြီး ပြည့်စုံတဲ့မျက်နှာတစ်ခုပိုင်ဆိုင်ဖို့ အရေးအကြီးဆုံးက မျက်နှာအသားအရေပါ။ ဒီတော့မျက်နှာအသားအရေကို ထိန်းသိမ်းဖို့အတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေ မှန်ကန်ရ...