ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်တတ်တဲ့ အသားအရေရှိသူတွေ ဘယ်လို skin care မျိုးရွေးချယ်သင့်သလဲ ။ ။
ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်တတ်တဲ့ အသားအရေရှိသူတွေ ဘယ်လို skin care မျိုးရွေးချယ်သင့်သလဲ ။ ။
ဝက်ခြံဆိုတာကြီးကြီးသေးသေး စိတ်ညစ်စရာကောင်းပြီး ပင်ကိုယ်အလှတွေကို ပျောက်ကွယ်သွားစေနိုင်တဲ့ ပြဿနာတစ်ခုပါ။ ဝက်ခြံပေါက်တတ်တဲ့ပြဿနာက သူတစ်ခုတည်းတင်မကဘူး။ အများအားဖြင့် ဝက်ခြံရှိတဲ့သူတွေမှာ ချွေးပေါက်ကျယ်တဲ့ပြဿနာလည်း တစ်ခါတည်းပါနေတတ်တယ်။ ချွေးပေါက်ကျယ်တာနဲ့ ဝက်ခြံပေါင်းလိုက်ရင် နဂိုလှပတဲ့မျက်နှာလေးတောင် ကြည့်ရဆိုးသွားတတ်တယ်။
ဒီတော့ ဒီလိုပြဿနာတွေကို ဘယ်လိုရှင်းကြမလဲ။
ဘယ်လောက်ပဲ မိတ်ကပ် တွေမှုန်နေအောင် လိမ်းထားပါစေ ချွေးပေါက်ကျယ်ပြီးအဆီတွေပြန်နေတယ်၊ ဝက်ခြံပေါက်နေတယ် ဆိုရင် သိပ်ပြီးကြည့်မကောင်းပါဘူး။ ဒီတော့ မိတ်ကပ်ဒီပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာကတော့ အသေအချာပါ။ ဒါ့ကြောင့် အသားအရေကို ထိန်းသိမ်းပေးတဲ့ skin care products တွေ ပေါ်ထွက်လာရတာဖြစ်ပါတယ်။
အိမ်တစ်အိမ်အတွက် အရေးအကြီးဆုံးက အုတ်မြစ်ပါ။ အုတ်မြစ်သေချာခိုင်မှ အပေါ်ဆက်တက်လို့ရသလိုပဲ လှပပြီး ပြည့်စုံတဲ့မျက်နှာတစ်ခုပိုင်ဆိုင်ဖို့ အရေးအကြီးဆုံးက မျက်နှာအသားအရေပါ။ ဒီတော့မျက်နှာအသားအရေကို ထိန်းသိမ်းဖို့အတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေ မှန်ကန်ရမှာပေါ့။
ဒီတော့ ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်လွယ်တဲ့ အသားအရေရှိသူတွေ အနေနဲ့ အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ။
မျက်နှာ အသားအရေကို ထိန်းသိမ်းတဲ့အဆင့်မှာ မျက်နှာသစ်တာကနေ မိတ်ကပ်မလိမ်းခင်အဆင့်ထိ အဆင့်တွေ အများကြီးရှိတာဆိုတော့ အဆင့်အလိုက်ကြည့်လိုက်ရအောင်။
( ၁ ) မိတ်ကပ်နဲ့ တခြားအညစ်အကြေးတွေကို သန့်စင်ပါ။– တစ်နေ့လုံးလိမ်းထားတဲ့ မိတ်ကပ်တွေ၊ ကပ်နေတဲ့ ဖုန်တွေနဲ့ မျက်နှာပေါ်က အဆီပိုတွေကို အသန့်ရှင်းပေးနိုင်ဆုံးကတော့ မိတ်ကပ်ဖျက်မျက်နှာသန့်စင်ဆေးရည်တွေပဲ ဖြစ်ပါတယ်။ မျက်နှာသစ်သန့်စင်ဆေးရည်တွေထဲမှာ အရေပြား အနက်ရှိုင်းဆုံးအတွင်းပိုင်းထိသန့်စင်ပေးပြီး ပိုလျှံနေတဲ့အဆီတွေကိုဖယ်ရှားပေးတဲ့ Micellar water အမျိုးအစားကို ပိုရွေးချယ်သင့်ပါတယ်။
( ၂ ) မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။ -ဝက်ခြံတွေရဲ့ အရင်းမြစ်က ချွေးပေါက်ကျယ်ပြီး အဆီပြန်တာဆိုတော့ ဒီပြဿနာကို ဖြေရှင်းပေးမယ့် မျက်နှာသစ်ဆေးအမျိုးအစားကို သုံးကိုသုံးပေးရမှာဖြစ်ပါတယ်။
( ၃ ) ချွေးပေါက်ကျဉ်းစေတဲ့ Pore Refiner သုံးပါ။ – Pore Refiner သုံးတဲ့အခါမှာ အဆီပါဝင်မှုနည်းတာကိုရွေးချယ်ပေးပါ။ ဒါမှ အဆီပြန်တာနဲ့ အဆီပြန်တာကြောင့်ဖြစ်တဲ့ ဝက်ခြံတွေဖြစ်တာကို တားဆီးနိုင်မှာပါ။
( ၄ ) အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ။– အစိုဓာတ်ထိန်း moisturizer တွေက ရေဓာတ်နဲ့ အဆီဓာတ် မျှတအောင် ထိန်းပေးလို့ အဆီပြန်တာကို သက်သာစေတဲ့အပြင် အသားခြောက်ပြီး ဆဲလ်သေတွေ ပုံထပ်လာခြင်းကို သက်သာစေတာကြောင့် ဝက်ခြံပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်မှာပါ။
(၅)နေလောင်ကာခရင်မ်လူးပါ။ – အဆီပြန်တဲ့အသားအရေမှာနေလောင်တာကြောင့် ထပ်ပြီးရောဂါမတိုးစေဖို့ဆိုရင် နေလောင်ကာခရင်မ်ကိုလူးပေးရမှာပါ။ ဒါမှ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်ပျက်စီးတာကို ကာကွယ်ရာရောက်မှာပါ။
Skin care products တွေကို ဘယ်လိုရွေးချယ်ကြမလဲ ။ ။
ဝက်ခြံအတွက် အဆီပြန်တဲ့သူတွေအတွက် ထုတ်ထားတဲ့ skin care products တွေက အများကြီးဆိုတော့ ကောင်းမယ်ထင်တာ ဝယ်သုံးကြည့်လိုက်တယ်။ မပျောက်တဲ့အပြင် ကိုယ်နဲ့ မတည့်လို့ဆိုပြီး မျက်နှာပေါ်က ဝက်ခြံတွေ ပိုဆိုးသွားတဲ့သူတွေကလည်း တစ်ပုံကြီးပါ။ ဒီတော့ ကိုယ့်အသားအရေနဲ့ တည့်မယ့် skin care products အမျိုးအစားကို ရွေးချယ်ဖို့ ဒီအချက်တွေသိထားဖို့ လိုတယ်နော်။
Alcohol အများကြီးပါတဲ့ အမျိုးအစားတွေကို ရှောင်ရပါမယ် – alcohol များလေလေ အသားခြောက် လေလေဖြစ်ပြီး ခြောက်သွားတဲ့ ဆဲလ်အသေတွေ ပုံထပ်လာနိုင်တာကြောင့် ဝက်ခြံပိုပေါက်စေတတ်ပါတယ်။
Non comedogenic ဆိုတဲ့ စာတန်းလေးကိုလိုက်ရှာပါ– Non comedogenic ဆိုတာက ချွေးပေါက်တွေကို ပိတ်ဆို့စေတာမျိုးမရှိစေဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီစာတန်းပါတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းလေးတွေကချွေးပေါက်လေးတွေကို အသက်ရှူချောင်စေပြီး ဝက်ခြံတွေကို သက်သာစေမှာ အသေအချာပါ။
Glycerin and hyaluronic acid ပါတဲ့ အမျိုးအစားတွေကို အဓိက ရွေးချယ်ပါ။ – glycerin and hyaluronic acid တို့ဟာ ချွေးပေါက်ပိတ်တာမျိုးတွေမဖြစ်စေလို့ အဆီဖုတွေ ကင်းရှင်းစေမယ့်အပြင် အသားအရေရဲ့ အစိုဓာတ်ကိုပါ ထိန်းပေးဦးမှာပါ။
အရေပြားဆရာဝန်တွေရဲ့ ထောက်ခံချက်ရပြီးသား၊ FDA အသိအမှတ်ပြူရပြီးသား skin care products တွေဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။
နောက်အရေးကြီးတာတစ်ခုကတော့ dermatologically tested ဆိုတာပါ။ ဆိုလိုတာက အရေပြားတွေမှာ သေချာစမ်းသပ်ပြီး ဘာဆိုးကျိုးမှ မဖြစ်စေဘူးဆိုတာကို အာမခံထားတာပေါ့။
ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်တဲ့အသားအရေတစ်ခုကို အဆင့်ဆင့် ဘယ်လိုထိန်းသိမ်းရတယ်၊ skin care products တွေကို ဘယ်လိုရွေးဝယ်ရမယ်ဆိုတာ သိပြီးတော့ နောက်ထပ် ခေါင်းစားရတာတစ်ခုက အဲဒါတွေအကုန်လုံးကို ဘယ်မှာသွားရှာရမလဲ။
BIODERMA ရဲ့ Sebium အမျိုးအစားပစ္စည်းတွေကို သုံးကြည့်ဖို့ အကြံပေးပါရစေ။ ချွေးပေါက်ကျယ်ပြီး အဆီပြန်ကာ ဝက်ခြံပေါက်နေတဲ့ အသားအရေအတွက် အဓိကထုတ်ထားတာဖြစ်ပြီး ထိန်းသိမ်းတဲ့အဆင့်အလိုက် အမျိုးအစားတွေ ခွဲပြီး ထုတ်ထားတာဖြစ်လို့ တစ်နေရာတည်းမှာ အစုံရနိုင်မှာလည်းဖြစ်ပါတယ်။ FDA အသိအမှတ်ပြုလည်းဖြစ်၊ ဓာတ်မတည့်တာမျိုးကို မဖြစ်စေဘူးဆိုတဲ့ အရေပြားဆရာဝန်တွေရဲ့ ထောက်ခံချက်လည်း တညီတညွတ်တည်းရထားတာကြောင့် သင့်ရဲ့မျက်နှာပေါ်က ဝက်ခြံ နဲ့ အဆီပိုတွေကို BIODERMA နဲ့ အပြီးတိုင်နှုတ်ဆက်လိုက်နိုင်ပါတယ်။\
crd
ဝက်ခြံပျောက်ဆေး MIKADO Anti-ACNE GEL ကိုသုံးကြည့် ပါ တကယ်ကောင်းပါတယ်း ၁၀၀% အာမခံပါတယ် ဝက်ခြံပျောက်ဖို့ မပျောက်ရင် ၁၀၀ % ငွေ ပြန်အမ်းပါတယ် ။ ၀က်ခြံအသစ်ဆိုရင် နာရီပိုင်းနဲ့ပျောက်တယ် အသားကိုလဲ မချောက်စေပါဘူး ။ ၀က်ခြံ ဆား၀က်ခြံ များအပြင် ကြာဆူး မျက်နှာ ရင်ဘတ် ကျောကုန်း မှာရှိတဲ့၀က်ခြံတွေကို ပျောက်ကင်းနိုင်ပါတယ် နှာခေါင်းရှိကြာဆူးများအတွက်ဆိုရင်တော့ ဆပ်ပြာကိုသုံးကြည့်ပါ တစ်ခါသုံးရုံဖြင့် ပျောက်ကင်းနိုင်ပါသည် ချွေးပေါက်အတွင်းရှိ ဖုံ ပိုးမွား မှို အဆီအိပ်များကို သန့်ရှင်းပေးနိုင်သည့်အတွက် ကြာဆူးဖြစ်ချင်း ၀က်ခြံပေါက်ခြင်းကို ကာကွယ်ပေးပါသည် အကယ်၍ ကြောင်းကြောင်းကြောင့် ၀က်ခြံထွက်လာပါက Mikado ဆေးကိုသုံးခြင်းဖြင့် နာရီပိုင်အတွင်းပျောက်ကင်းနိုင်ပါသည်။
ကျွန်တော်တို့ အထူအစီအစဉ် အနေနဲ့ ယခုလအတွက် 40% - Discount နဲ့ရောင်းချပေးမှာပါ။ စျေးနှုန်း ၁၃၅၀၀ ကို ၄၀% လျှော့စျေးဖြင့် ၈၀၀၀ နဲ့ရောင်းချပေးနေပါသည် ။ အထူးအစီအစဥ်အနေနဲ့ ဆေး၀ယ်ရင် ၀က်ခြံပျောက် ဆေးဆပ်ပြာအလကားပေးနေပါပြီ ဆပ်ပြာသီးသန့်၀ယ်လိုပါက ပုံမှန်စျေး ၆၀၀၀ ကို ၅၀% လျှော့စျေးဖြင့် ၃၀၀၀ နဲ့ရောင်းချပေးနေပါသည် ။ ကဲ မြန်မြန်သာ၀ယ်ကြနော် ဆေးနဲ့ဆပ်ပြာ နှစ်ခုပေါင်းကို ၁၉၅၀၀ အစား ၈၀၀၀ ထဲနဲ့ရမှာ မပျောက်ရင် ၁၀၀% ငွေပြန်အမ်းတော့ ဘာမှဆုံးရှုံးစရာမရှိဘူး ။
ဆက်သွယ်ရန်ဖုန်း - 09-886212012
viber // whatsapp - 09-886212012
facebook Page - https://www.facebook.com/mikadoacnegel/
ကတစ်ဆင့်ဝယ်ယူအားပေးနိုင်ပါတယ်။


Comments
Post a Comment